မိုးမိတ်မြို့နယ်တွင် အောက်စီဂျင် စက်ရုံတည်ဆောက်နိုင်ရေးနှင့် COVID – 19 ကာကွယ်၊ထိန်းချုပ်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များအတွက် အလှူငွေများ လှူဒါန်း

မိုးမိတ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် COVID – 19 ရောဂါနှင့်ပတ်သက်၍ အရေးပေါ်ကာကွယ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ မိုးမိတ် မြို့ မြောက်ပိုင်းရပ်ကွက်နေ ဦးတိုင်မိသားစုမှ အောက်စီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း(၁၀၀)နှင့် COVID – 19 ရောဂါနှင့် ပတ်သက်၍ အရေးပေါ်ကာကွယ်တုံ့ပြန် ဆောင်ရွက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များအတွက် ကျပ်သိန်း(၁၀၀)နှင့် စုစုပေါင်း ကျပ်သိန်း(၂၀၀) လှူဒါန်းခြင်း ဖြစ်သည်။

အဆိုပါလှူဒါန်းပွဲတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က COVID – 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်သူများကို ကုသပေးနေသည့် အခြေအနေများနှင့် အလှူငွေများကို လာရောက် လှူဒါန်း ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး လှူဒါန်းငွေများကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ က လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)