ဟိုမိန်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း Mask တပ်ဆင်သွားလာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟိုမိန်းမြို့အတွင်းသို့ ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်မောင်းများနှင့် ဒေသခံ ပြည်သူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုစေရန် နှာခေါင်းစည်း(Mask) အခု(၅၀၀) ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
ကူးစက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)