မိုးမိတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ်ပြုလုပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် မိုးမိတ်မြို့နယ်အတွင်းရှိ ပထမအကြိမ်တွင် ထိုးနှံရန်ကျန်းရှိသောဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာနေပြည်သူ(၄၂၈ ) ဦးသို့ ထိုးနှံပေးရန် လျာထားကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးရာတွင် ရှေးဦးစွာ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်း ၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ် (၃၀) စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ၊ ယနေ့အထိ မိုးမိတ်မြိုနယ်အတွင်း လူဦးရေ(၃၀၀၀)ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ် ကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)