နမ့်စန်(တ) ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်း မှ ည ၉ နာရီ အထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၈ ဦး ၊အမျိုးသား ၆ ဦး စုစုပေါင်း ၁၄ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၁၄)ဦးတို့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ နေမကောင်းဖြစ်၊ အနံ့ ပျောက်၍ လာရောက်ပြသသူများနှင့် ယခင်နေ့များက ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့ သဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ၁၄ ဦးကို မြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိပြီး ၎င်းတို့နှင့်ထိတွေ့မှုရှိခဲ့သူ များကို အသွားအလာ ကန့်သတ်ထားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နမ့်စန်မြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၅ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၂ ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၂ ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)