ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်(၁၃)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား (ပိုးတွေ့)အတည်ပြုလူနာ (၄၇)ဦးအထိရှိခဲ့ပြီး (၁)ဦးသေဆုံးကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ဇူလိုင်လ(၁၃)ရက်နေ့အထိ ကိုဗစ်-၁၉ (ပိုးတွေ့)အတည်ပြုလူနာ(၄၇)ဦးမှ ကြာအင်းဆိပ်ကြီးမြို့တွင် ကိုဗစ်-၁၉ (ပိုးတွေ့)အတည်ပြုလူနာ(၃၀)တွေ့ရှိကြောင်း၊ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံဆင်းသူ(၁၂)ဦးဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင်(၁၈)ဦးတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက်ခံယူလျက်ရှိကြောင်း၊ ဘုရားသုံးဆူမြို့တွင် (ပိုးတွေ့)အတည်ပြုလူနာ(၁၇)ဦး ဖြစ်ပွားခဲ့ရာ ဆေးရုံ ဆင်းသူ(၁)ဦးနှင့် သေဆုံးသူ(၁)ဦးရှိခဲ့ပြီး (၁၅)ဦးမှာ ဘုရားသုံးဆူမြို့ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး