အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ မြို့ပေါ်ရှိ ရပ်ကွက် ပေါင်း ၁၂ ရပ်ကွက်တို့ရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို စုစုပေါင်း ၂၉၃၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Aug 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၉)နာရီက အသက်(၆၅) နှစ် အထက်သက်ကြီးရွယ်အိုများကို ဦးစားပေးစနစ်ဖြင့် ပထမအကြိမ်ဒုတိယအသုတ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
Aug 04,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်များတွင် Quarantine center များအလိုက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် Volunteer ယအဖွဲ့များအား ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ကုန်များထောက်ပံ့ ပေးအပ် ခြင်းအစီအစဉ် တစ်ရပ်ကို ယနေ့ နံနက်(၁၀)နာရီက ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး လမ်းညွှန်စည်းကမ်းချက်များနှင့်အညီပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 04,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharmကို မချမ်းဘော့မြို့ဂူဘားဧည့်ရိပ်သာတွင် ယနေ့နံနက် ၉နာရီမှစတင်ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
Aug 04,2021
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်၉ နာရီအချိန်မှစ၍ စုရပ်(၅)နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 04,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး နှံခြင်းကို စတုတ္ထမြောက်နေ့အဖြစ် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် စုရပ်နေရာ လေးနေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Aug 04,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ မယ်စဲ့-ဘီပီ (၁၃) လမ်းမကြီးနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ကွက်သစ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ကူးစက်မှုမြန်စွာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နေ့စဉ်အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။