ရွှေသောင်ယံ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၉)နာရီက အသက်(၆၅) နှစ် အထက်သက်ကြီးရွယ်အိုများကို ဦးစားပေးစနစ်ဖြင့် ပထမအကြိမ်ဒုတိယအသုတ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ရွှေသောင်ယံမြို့တွင် ဇူလိုင်လ(၃၁)ရက်နေ့က ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ကာကွယ် ဆေး အလုံး (၁၀၀)ကို လူအယောက်(၂၀၀)အားထိုးနှံပေးခဲ့ရာ အသက်(၆၅)အထက်မှ စတင်၍ ဦးစား ပေးကာ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များကိုထိုးနှံပေးခဲ့ပြီး ယခု သြဂုတ်လ(၄)ရက် နေ့တွင်လည်း ကာကွယ်ဆေးအလုံး(၁၅၀)လူဦးရေ(၃၀၀)စာကို ကျန်ရှိ နေသေးသော(၆၅)နှစ် အထက်သက်ကြီး ရွယ်အိုများမှစတင်ကာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု နေပြည်သူများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါကာကွယ် ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာသို့ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ရွှေသောင်ယံမြို့တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များတို့မှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေး ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)