ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေး

ရွှေကျင် ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်၉ နာရီအချိန်မှစ၍ စုရပ်(၅)နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စစ်ဗျူဟာ(အခြေချ)(ရွှေကျင်) အမှတ်(၈) တပ်မတော်ဆေးရုံ ကုတင်(၂၅) ဆန့်ဆေးရုံမှ ပါရဂူ သူနာပြုအရာရှိများ၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ရွှေကျင်မြို့နယ်အတွင်းရှိ ကျန်ရှိ‌ နေ သေးသော၊(၁) သံဃာတော်များ သီလရှင်များအား မြိုတော်ခန်းမတွင်လည်းကောင်း၊ (၂) အသက်(၆၅) နှစ်အထက် အဖိုးအဖွားများအား အားကစားခန်းမတွင်လည်းကောင်း၊(၃) Volunteer များအား ကုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ (၄) ပဒဲကောကျေးရွာမှ သံဃာ တော်များ နှင့်အသက်(၆၅)နှစ်အထက်အဖိုး အဖွားများအား ပဒဲကောကျေးရွာ အခြေခံ ပညာ ကျောင်းတွင်လည်းကောင်း၊(၅) ဇလုပ်ကြီးကျေးရွာမှ သံဃာတော်များနှင့် အသက် (၆၅)နှစ်အထက်အဖိုး အဖွားများအား ဇလုပ်ကြီးကျေးရွာ အခြေခံပညာကျောင်းတွင် လည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိသည်။   

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)(ရွှေကျင်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီး‌ေကျာ်ဖုန်း‌ေအာင်၊ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မိုးညွန့်နှင့်တာဝန်ရှိသူတို့မှ ဆေးထိုးနှံနေမှုများကိုကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထွန်းထွန်းဇော်