ကော့သောင်း၊ သြဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်များတွင် Quarantine center များအလိုက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် Volunteer ယအဖွဲ့များအား ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ကုန်များထောက်ပံ့ ပေးအပ်ခြင်းအစီအစဉ် တစ်ရပ်ကို ယနေ့ နံနက်(၁၀)နာရီက ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး လမ်းညွှန်စည်းကမ်းချက်များနှင့်အညီပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာထောက်ပံ့ပေးအပ်ပွဲတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က Volunteer အဖွဲ့များ အား ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများနှင့်စားသောက်ကုန်များထောက်ပံ့ ပေးအပ် ခြင်းနှင့်စပ်လျဉ်း၍ အဖွင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တပ်မတော်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့ မှ ထောက်ပံ့ပေးအပ်သည့် ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ကုန်များကို စစ်ဗျူဟာအဖွဲ့ (အခြေချ)(ကော့သောင်း) စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး အောင်ဇော်လင်း၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစိုးအောင်၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်နိုင်ဝင်း၊ ကော့သောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို တို့က ကော့သောင်းမြို့နယ်ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်များတွင် Quarantine center များအလိုက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိသည့် Volunteer အဖွဲ့များအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ကော့သောင်းမြို့၏ ရောဂါထိန်းချုပ်ကုသမှုလုပ်ငန်းများကို လေးမိုင်ပြန်လည်ထူထောင်ရေးဂေဟာ၊ နဝရတ် အားကစားရုံယာယီဆေးရုံ၊ ကြက်တောင်အားကစားရုံယာယီဆေးရုံ နှင့်မိုးကုတ်ဝိပဿနာယာယီဆေးရုံ စသည့် Quarantine center နေရာ(၄)ခုတွင် အဓိကထားဆောင်ရွက်လျှက်ရှိပြီး အဆိုပါ နေရာများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျှက်ရှိသည့် မြို့အမာခံရွှေအဏ္ဏဝါပရဟိတအဖွဲ့အပါအဝင် ဘော်လံတီယာအဖွဲ့များအား ကျန်းမာရေး အသုံးအဆောင်များဖြစ်သည့် PPE Level3 ဝတ်စုံများ၊95Mask ၊ Surgical Mask အပါအဝင်ဆက်စပ် ပစ္စည်းများ၊ Face Shield ၊ Surgical Cap၊ Surgical Gown၊ Apron၊ Hand Gel၊ အရက်ပြန်၊ လည်ရှည်ဖိနပ်၊ဖိနပ်အစွပ်၊တခါသုံးGlove ၊ Googlesမျက်မှန်၊လည်ရှည်ဖိနပ်၊ ပိုးသတ်ဆေးရည်နှင့် ဆေးဖြန်း စက်များ၊ အပူချိန်တိုင်းစက်၊သူနာပြုဆေးပုံး၊ဗီတာမင်ဆေးများ၊ အမှိုက်ပုံး၊ အမှိုက်အိတ်၊ဘေစင်နှင့် စားသောက်ကုန် ဆန်၊ဆီ၊ကြက်ဥများအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)