အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်ပြီး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ရဟန်းသံဃာတော်များနှင့် ဝန်ထမ်းများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၄)ရပ်ကွက် ဝက်မစွပ်လမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့်တွင် ယနေ့နံနက်၄နာရီ၁၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ထွက်ခွာငြိမ်းသတ်ရာ နံနက်၅နာရီ၅၀မိနစ်အချိန်တွင် မီးငြိမ်းသွား ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာနမှသိရှိရသည်။
Aug 04,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရရှိသည့် ဦးစားပေး အုပ်စုများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို (အ.ထ.က)ဝေါလေမြိုင်ကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီမှ စတင်၍ ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
Aug 04,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဇူလိုင် လ ၃၁ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရက် (၅)ရက်မြှောက်နေ့ ယနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီအချိန်တွင် မြို့နယ်အတွက် ခွဲတမ်းရရှိထားသော (Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများအားလုံးကို အပြီးသတ် ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်သည်။
Aug 04,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ ညနေ (၄) နာရီ အချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များ၊ ပညာရေးဌာနမှ ဝန်ထမ်းများစားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများ၊ စတိုးဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာမြို့မစျေးရှိ စျေးသည်များနှင့် Hotel& Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေးထိုးနှံပေးခဲ့ကြောင်း သိရ သည်။
Aug 04,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စုတွင် ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် နိုင်ငံ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ပြင်ဘုကြီးကျေးရွာအုပ်စု၊ ဖောင်းတော ကျေးရွာ အလက(ခွဲ)ကျောင်း၌ ကာကွယ်ဆေးထိုး နှံပေးခြင်းကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
Aug 04,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့်ဦးစားပေးအစီအစဉ်အလိုက် ဆေးထိုးနှံပေးနိုင်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ ၌ဆက်လက်ထိုးနှံပေးလျက်ရှိရာ စုစုပေါင်း၁၄၄၁ ဦးထိုးနှံပေးပြီးဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ သိရသည်။
Aug 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၆၅)နှစ် အထက်ဘိုးဘွား များ အား ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရ သည်။