မချမ်းဘော့ ဩဂုတ် ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharmကို မချမ်းဘော့မြို့ဂူဘားဧည့်ရိပ်သာတွင် ယနေ့နံနက် ၉နာရီမှစတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေး၀န်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharmကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့၀င်များ၊မြို့နယ်ကျန်းမာရေး၀န်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့်Volunteerစေတနာ့၀န်ထမ်းများမှကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မချမ်းဘောမြို့နယ်အနေဖြင့်အသက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွားများ၊ သံဃာတော် ဘုန်းကြီးများ၊ ဘာသာရေးဓမ္မဆရာ/ မများ၊ဈေးသည်များအားဦးစားပေး ထိုးနှံပေးပြီး ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့၀န်ထမ်းများ၊စ စေတနာ့၀န်ထမ်းများနှင့် အုပ်စု(၁၂) အုပ်စုတွင် အကျုံး၀င်သည့် အုပ်စု အဖွဲ့များကိုလည်း ကာကွယ်ဆေးထိုးနှံပေး မည်ဖြစ်ကြောင်းနှင့် ယခုထိုးနှံပေးသော ကာကွယ်ဆေးမှာ Sinopharmအမျိုးအစားဖြစ်ပြီးဆေးအလုံးရေ (၄၀၀)ရှိပြီး ဆေးတစ်လုံးကို လူနှစ်ဦးနှုန်း ထိုးနှံပေးလျက်ရှိပြီးယနေ့ထိုးနှံရန်ကျန်ရှိသည့်သူများအား ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်-ပြန်/ဆက်