အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ဩဂုတ် ၃ ရက်နေ့ နံနက်၁ ၀ နာရီမှ စတင်ကာ မြို့ပေါ်ရပ်ကွက်များရှိ ၆၅ နှစ်အထက် အဘိုးအဘွားများအား ဦးစားပေး ထိုးနှံပေးလျက်ရှိရာ ပါဝင်ဆောင်ရွက်ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ကူညီဆောင်ရွက် ပေးနေသည့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ဆေး ထိုးနှံလာသော ဘိုးဘွားတွေရဲ့ ရင်ထဲက ပီတိစကားသံလေးတွေကို တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါတယ်။
Aug 06,2021
UPG Paint & COATING Co.,LTD သည် မြန်မာနိုင်ငံအဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်လျက်ရှိသော လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်း နိုင်ရေးအတွက် ရည်ရွယ်၍ Oxygen Concentrators များကို နိုင်ငံအဝန်းတွင် လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concentrators နှစ်လုံး ပေးအပ်လှူဒါန်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Aug 06,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အောင်မြင့် မိုရ်အိမ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာအား ပြန်လည်ဖွင့်လှစ်​ခဲ့ပြီး ဇူလိုင်၂၀ရက်​နေ့မှ စတင်ကာ လူနာများအား လက်ခံကုသပေးလျက်ရှိသည်။
Aug 06,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၂၃၆၄ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Aug 06,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းအတွက် ပြည်သူများ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စုရပ်(၇)နေရာတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 06,2021
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်း များအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)နှင့် အခြေခံစားသောက်ကုန် (၂)မျိုး ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
Aug 06,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။