အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ထပ်မံရောက်လာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက် ၉ နာရီက စတင်၍ ဗန်းမော်မြို့၌ စုရပ်(၂)စုခွဲ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 06,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ မြို့နယ်သာသနာ့ဗိမာန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမြို့နယ်ခန်းမတွင် ယနေနံနက်(၉:၀၀)နာရီက ထိုးနှံပေးပြီး ကျေးလက်ကျန်းမာရေးဌာနစုရပ်(၆)နေရာတွင် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခြင်းကို ဆောင်ရွက်ကြသည်။
Aug 06,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ပြည်နယ်အဆင့်အကြီးအကဲများ လိုက်ပါလျက် ယနေ့ မွန်းလွဲ၂နာရီ က ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်အတွင်းရှိ နားကုန်းဘုန်းတော်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်သို့‌ ရောက်ရှိခဲ့ကြပြီးဆွမ်းဆန်တော်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 06,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက မြို့နယ် အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်နှင့် အလှမ်းဝေးသော ကျေးရွာပေါင်း ၁၄ အုပ်စုရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Aug 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနရုံး၌ မြို့နယ်အ တွင်း ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသည့် ဈေးသူ ဈေးသား များကိုယနေ့နံနက် ၉ နာရီချိန်ကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) အားလူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 06,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များအား အသံချဲ့စက်များဖြင့် ကျိုင်းလပ်မြို့ပေါ် ရပ်ကွက်များ၌ အသိပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။
Aug 06,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဆစ်(ခ်)ဘာသာဝင်များက အောက်ဆီဂျင်လိုအပ်သူများအား ဒုတိယအကြိမ်မြောက်အဖြစ် အောက်ဆီဂျင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်၊ ၇၉လမ်း၊ ၁၀လမ်းနှင့် ၁၁လမ်းကြား၊ သူရဲဈေးအနီးရှိ ဆစ်(ခ်)ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သည်။