Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘောဂလိမြို့ ဒေသအတွင်းရှိ မိုးသီးနှံများအား အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ နည်းပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Aug 14,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ သပြေညွန့်ကျေးရွာအုပ်စုနှင့် မဲတင်းတိမ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ မိုးသီနှံများအား အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်းနင်းခြင်း နည်းပညာပေးခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တက္ကသိုလ်(CBFQ)စခန်းမှ ၂၁ ရက်ပြည့်ပြီးသူများနှင့် ပထမအကြိမ် Negative ထွက်ရှိသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်စေလွှတ်
Aug 14,2020
မော်လမြိုင်တက္ကသိုလ် (၁၀)မြို့နယ်အဆောင် Community Based Facility Quarantine (CBFQ) တွင် နေရပ်ပြန် ပြည်သူများကို သီးသန့်နေထိုင်သွားလာ ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ် လျက်ရှိရာ ယနေ့နံက်ပိုင်းတွင် ၂၁ ရက်ပြည့်ပြီးသူများနှင့် ပထမအကြိမ် Negative ထွက်ရှိသည့် နေရပ်ပြန်ပြည်သူများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်များသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ သုံးမွှာပူးကလေးများအား ထောက်ပံ့ငွေပေးအပ်
Aug 14,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုတင်၁၀ဝဆေးရုံ၌ မွေးဖွားခဲ့သော သုံးမွှာပူး ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ရုံးခန်းမတွင် ယမန်နေ နေလယ်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အုတ်ရေမြောင်း ပြုလုပ်ခြင်းဆောင်ရွက်
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်းပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကျေးရွာများအား ကွင်းဆင်းစစ်ဆေး
Aug 14,2020
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့မွန်းလွဲပိုင်းက မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများအား ကွင်းဆင်းစစ်ဆေး
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆေ…
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့််ရဒေသ၊ နန်းယွန်းမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက် ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များတွင် ရှောင်တခင်ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်း
Aug 14,2020
သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်းရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနိုင်းရေးကော်မတီ မဲဆွယ်စည်းရုံးရေးကာလတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်း ပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ယနေ့ နံနက် ၁၀ နာရီက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26230
Page
26231
Page
26232
Page
26233
Current page
26234
Page
26235
Page
26236
Page
26237
Page
26238
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department