အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ကူးစက်မြန်ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများ၌ ဆွမ်းအခက်အခဲ မဖြစ်ပွားစေရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နဝကမ္မ လှူဒါန်းငွေနှင့် မင်းပြားမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းလှူဒါန်းငွေများကို စုပေါင်းပြီး မင်းပြားမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်စိမ်းနှင့်ဆီ စသည့် လှူဒါန်းဖွယ်ရာများကို ယမန်နေ့နံနက် ၈နာရီက စတင်ပြီး လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Sep 11,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၌ Kayin Committee COVID-19 Team(KCCT)ကို ဘားအံမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Sep 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းများတွင် ခိုလှုံရန်ရောက်ရှိနေကြသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၈ နာရီက သတ်မှတ်စုရပ်(၃)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကာကွယ် ဆေးများအား ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
Sep 11,2021
မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်များရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ရေး စီမံချက်ဖြင့် တရုတ်နိုင်ငံမှ ထောက်ပံ့လှူဒါန်းသော Sinophram အမျိုးအစား ဆေးအလုံးပေါင်း(၂)သိန်းမှ ပထမအကြိမ် ရောက်ရှိလာသော ဆေးလုံး (၁၀၀၀၀) စတင်ထိုးနှံမှုကို ယနေ့စတင်ထိုးနှံနေပြီ ဖြစ်ကြောင်း သိရသည်။
Sep 11,2021
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းသည် ပြည်သူများအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သကဲ့သို့ ကာကွယ်ဆေး၏အာနိသင်သည်လည်း အကျိုးသက်ရောက်မှုရှိသည့်အတွက် လူတိုင်းထိုးနှံ သင့်ကြောင်း ကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
Sep 11,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ နေရပ်စွန့်ခွာခိုလှုံနေကြသည့် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အား သတ်မှတ် စုရပ်အသီးသီးတွင် ယမန်နေ့နံနက်ပိုင်းစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄၈) ရပ်ကွက် ဗထူးလမ်းရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက် ရှိသည်။