အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်အတွင်းငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ပေါများစေရန်၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေရေး၊ ဒေသနေပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးနှင့် ငါးစားသုံးမှုမြင့်မားစေရေး တို့ကိုရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ချောင်းဖျား ကျေးရွာအုပ်စု ၊ ခြောက်အိမ်စုကျေးရွာရှိစပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်မြို့မစာသင်တိုက်နှင့် တီကျစ်မြို့မစာသင်တိုက် ကျောင်းခွဲ( ရတနာရွှေဂူ ဘုရား ကြီး )ကျောင်းတိုက်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိဆက်လက် စစ်ဆေး ပေးလျက်ရှိသည်။
Sep 11,2021
ရှမ်းပြည်နယ် လူမှုဝန်ထမ်းဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသော နေရာဒေသများသို့ ကျန်းမာရေး ကာကွယ်ရေးသုံးပစ္စည်းများ စဉ်ဆက်မပြတ်ထောက်ပံ့ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူး ၊ မိဘမဲ့နှင့် မသန်စွမ်းဂေဟာအတွက် ကျန်းမာရေးသုံးပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ နှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Sep 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဝေါမြို့၊ မြို့တော်ခန်းမတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 11,2021
ကရင်ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
Sep 11,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့အထိ ၂၀၃ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Sep 11,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ၊ ယာကြီးကုန်းကျေးရွာအုပ်စု ၊ လျှော်ကန်ကျေးရွာနှင့် ဂွေးညိုဝင်း ကျေးရွာ ဆက်သွယ်သည့် လမ်း‌ပေါ်ရှိ ရေကျော်တံတား ရှေ့ခြေဆင်းပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယမန်နေ့က ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Sep 11,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၈/၂၀၂၁)ကို စက်တင်ဘာလ(၉)ရက်၊ မွန်းလွဲပိုင်း(၁) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။