မေတ္တာ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက် လာ ကြောင်း သိရသည်။
အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသူများ ဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း ယနေ့စက်တင်ဘာလ၁၀ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒုတိယပြည်နယ်မှူး Mr-Sucha Sannam က ထီးခီးနယ် စပ်ကုန်သွယ်ရေး စခန်းတွင် လာရောက်လွှဲပြောင်းပေးရာ တာဝန်ရှိသူများက ကိုဗစ်-၁၉-ရောဂါ ကာကွယ် ရေးစည်းကမ်း ချက်များနှင့်အညီ ပြန်လည်လက်ခံခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း ထံမှ သိရသည်။
အဆိုပါဝင်ရောက်လာသူများသည် အမျိုးသား ၈၈ ဦး နှင့်အမျိုးသမီး ၆၆ ဦး၊ စုစုပေါင်း ၁၅၄ ဦး တို့ဖြစ်ပြီး ရာသီဥတုအခြေအနေအရ မေတ္တာမြို့မိုးလုံလေလုံခန်းမ၌ တစ်ညအိပ်ရပ်နားစေပြီး စက်တင်ဘာလ ၁၁ရက် နေ့တွင် ထားဝယ်မြို့ Quarantine Centre သို့ဆက်လက်ပို့ဆောင်ပြီး အသွားအလာ ကန့်သတ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
မေတ္တာ(ပြန်/ဆက်)