Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မာန်အောင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 11,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများတွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ကျေးလက်ကျန်းမာရေး ဌာနများဖြစ်သည့် ကုန်းခင်၊ ဘဲအင်း၊ သစ်ဝ၊ ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာနတို့တွင် ယနေ့ နံနက်၁၀နာရီမှ ညနေ၃နာရီထိဆေးထိုးစုရပ် သတ်မှတ်နေရာများ၌ ဆက် လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အသက်(၈၀)နှစ်အထက်သက်ကြီးဘိုးဘွားများအားတစ်ဦးလျှင်အလှူငွေကျပ်နှစ်သောင်းကို ထန်းတပင်မြို့နယ်တော်လတဲ့ကျေးရွာတွင်လစဉ်လှူဒါန်းပေးသွားမည်
Sep 11,2021
ကျန်းမာရေးကိစ္စရပ်များတွင် သုံးစွဲသွားနိုင်ရန်အတွက် အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းဖြစ်သူများအား အလှူငွေများ လှူဒါန်းပေးခြင်းကို ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ တော်လတဲ့ကျေးရွာတွင် ကျေးရွာသက်ကြီးဘိုးဘွားများကူညီစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်းပေး လျက်ရှိကြောင်းသိရပြီး အသက် (၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများကိုမူ တစ်ဦးလျှင် အလှူငွေကျပ်နှစ်သောင်း လစဉ်ပုံမှန် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လာအိုနိုင်ငံမှ နေရပ်ပြန်ပြည်သူ(၂၀၀)ဦး တာချီလိတ်မြို့ ရှိ ဝမ်ပုံဆိပ်ကမ်းမှ တဆင့် ဆက်လက်ဝင်ရောက်
Sep 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ လွဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူ အမျိုးသား(၁၁၉)ဦး၊အမျိုးသမီး (၈၁)ဦး၊စုစုပေါင်း (၂၀၀)ဉီးကို ယနေ့ နေ့လယ်က မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုအတွက် သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ပလောက်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာ ခန်းမ၌ ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်ခရိုင်/မြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်…
Sep 11,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေးများအားဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဓမ္မာရုံရွှေကျင် ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမနှင့် ဆားလင်းကြီး(အ.ထ.က)ရှိ ပန်းမြတ်သဇင်ခန်းမ၌ ယနေ့ နံနက် ၈နာရီအချိန်က စတင်၍ ရပ်ကွက်နှင့် ကျေးရွာ များမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစား ပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Sep 11,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက် အသီးသီးတွင် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းများတွင် ခိုလှုံရန်ရောက်ရှိနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက သတ်မှတ်စု ရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25594
Page
25595
Page
25596
Page
25597
Current page
25598
Page
25599
Page
25600
Page
25601
Page
25602
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department