အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်းပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ရောဂါရှာဖွေစစ်ဆေးပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာရှိ ဒေသခံပြည်သူ (၂၃)ဦးအား RDT Test Kits ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးရာတွင် မည်သူမျှ ကိုဗစ်ပိုး မတွေ့ရှိရကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Sep 12,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ(၃)လပတ် လူမှုရေးပင်စင်များကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။
Sep 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများ၌  မြို့နယ်စည်ပင်သာ ယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍  ယမန်နေ့ နံနက် ၇ နာရီက ရပ်ကွက်များ အတွင်း ပြည်သူများ သိရှိလိုက်နာနိုင်ရန်နှင့် ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသိပေးချက်များအား လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 12,2021
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်း အနောက်ရပ်ကွက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ထမ်းအိမ်ရာဝင်းနေ မိဘပြည်သူများအား ကိုဗစ်-၁၉ ကာလအတွင်း စျေးနှုန်းချိုသာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ဆီများကို ယမန်နေ့ နံနက် နံနက်(၇)နာရီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အစီအစဉ်ဖြင့် စျေးကား(၇)စီး လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များသည် အရာတော်မြို့နယ် ယမန်နေ့ နံနက် ၁၁ နာရီခွဲက အရာတော်မြို့နယ် မကျီးဇောက်ကျေးရွာရှိ အရာတော် ၂ မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ခံ ဦးခင်မောင်ထွေးက မြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
Sep 12,2021
တနသ်ာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် စျေးရောင်းသူ၊ စျေးဝယ်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်သွားလာကြရန် အကြိမ်ကြိမ် အသိပေး နှိုးဆော်မှုအား လိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၈ နာရီ ကလေညာ အရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက်ရှိ စျေးဆိုင်များတွင် စစ်ဆေးခဲ့သည်။
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မြေပဲအထွက်နှုန်းကောင်းနိုင်ကာ အကျိုးအမြတ်များ နိုင်ကြောင်းနှင့် ယခုအခါစတင်နုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
Sep 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများသို့ သောက်သုံးရေပို့ဆောင်ရန်၊ ဆည်ပေါက်ရေစုကန်သို့ ဆက်သွယ်ပို့ဆောင်သည့် ငဝစမ်းရေထွက်နှင့် ကြို့ချောင်း ရေထွက်များမှ ရေသွယ်ယူသည့် (၁၀)လက်မရေပိုက်လိုင်းမှာ လွန်ခဲ့သည့် ရက်များက ရွာသွန်းမိုးဖြင့် ဆည်ပေါက်ချောင်းရေတိုက်စားမှုကြောင့် ပြတ်တောက်သွားခဲ့ရာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးချမ်းငြိမ်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်ပြုပြင် ပြီးစီးခဲ့ ကြောင်း သိရသည်။