အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ် ပေးထားသည့်နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 11,2021
ကချင်ပြည်နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ကချင်ပြည်နယ် အခမဲ့‌ ဆေးဝါး ကုသရေး ဖောင်ဒေးရှင်းအပါအဝင် မိုးညှင်းခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များနှင့် တွေ့ဆုံပြီး ထောက်ပံ့ ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၀ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့ကြ သည်။
Sep 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြိုနယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ စေတနာ့ဝန်ထမ်းVolunteerများ ကျန်းမာရေးနှင့် ကိုဗစ်၁၉ရောဂါ ကာကွယ် ခြင်း လုပ်ငန်းနှင့်ပတ်သတ်သည့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေဝါလတ်ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 11,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ဖျာပုံမြို့နယ်အမှတ် (၃)ရပ်ကွက်ရှိရတနာ သိဒ္ဓိသာသနာ့ ဗိမ္မာန်တော်တွင် ယနေ့ နံနက်(၉)နာရီအချိန်က ရောက်ရှိပြီး ဖျာပုံခရိုင်အတွင်းရှိ ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Sep 11,2021
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောချောင်းရေများ တဟုန်ထိုးစီးဆင်းလာပြီး ရေစီး​အရှိန် ပြင်းထန်မှု​​ကြောင့် ပေါက်​မြို့​ပေါ်​နှင့် ကျေးရွာများသို့ လျှပ်စစ်သွယ်တန်းထားသော ဓါတ်တိုင် ယိမ်းယိုင်လျက်ရှိ​​ကြောင်း မြို့နယ်စစ်မှူးရုံးမှ သိရသည်။
Sep 11,2021
ရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြိုင်ကျေးရွာရှိ မြိုင်ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူကြသော သံဃာတော်များနှင့် တပည့်သာဝကများ ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေးခြင်းကို ယနေ့နံနက်၁၀ နာရီကအဆိုပါဘုန်းတော်ကြီးကျောင်း၌ စစ်ဆေးလျက်ရှိသည်။
Sep 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀နာရီက ဆီဆိုင်မြို့ဇဝနာရာမစာသင်တိုက်နှင့် ဥတ္တရာရုံစာသင်တိုက်တို့၌ သွားရောက်ထိုးနှံပေးသည်။