မိုင်းယောင်း ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟိုခုံကျောင်းတိုက်တွင် သာသနာ့ဗိမာန်တော်သစ် တည်ဆောက်နေမှုအား ဒေသခံပြည်သူများသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စုပေါင်းလုပ်အားဒါနကုသိုလ်ပြု ခဲ့ကြသည်။
ဒေသခံပြည်သူများ လုပ်အားဒါန ကုသိုလ်ပြုနေသည့်နေရာသို့ ဟိုခုံကျောင်းတိုက်ဆရာတော်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး လုပ်အားဒါနကုသိုလ်ပြုသူများအား စေတနာအလှူရှင်များက စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အဆိုပါ သာသနာ့ဗိမာန်တော်သစ်ကို ဟိုခုံကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်များ၊ မြို့မိမြို့ဖများ၊ ဒေသခံအလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ယခင်အသောကသိမ်တော် တည်ရှိခဲ့သော မူလနေရာ၌ ပြန်လည်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)