အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံး ပြုနိုင်ရန် အတွက် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်း ကို ယနေ့ နံနက်(၉)နာရီခွဲ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၁ ရက် နံနက် ၉နာရီခန့်က ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ် ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၅) နေရာခွဲ၍ဆက်လက် ထိုးနှံပေး လျက်ရှိသည်။ ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့်ကျန်းမာရေး၀န်ထမ်းများ၊သက်ဆိုင်ရာ ဆေးထိုးစုရပ်များရှိတိုက်နယ် ဆေးရုံများမှ ဆရာ၀န်များနှင့်ကျန်းမာရေး၀န်ထမ်းများက အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွား(၁၁၀၄)ဦး၊ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်း(၁၂)ဦး၊Volunteer/ပရဟိတ(၃၂၈)ဦး၊ဘုန်းကြီး/သီလရှင် /ဘာသာရေး ကျောင်းမှ(၁၃၆)ဦး၊နိုင်ငံဝန်ထမ်း(၄၃၆)ဦး၊ နိုင်ငံ့ ဝန်ထမ်းမိသားစု(၃၆၀)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၄၁)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၂၉၇)ဦး၊ ဟိုတယ်/မိုတယ်/တည်းခိုခန်း(၆)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း(၁၅၃)ဦး၊စူပါမတ်ကတ်/ စျေးသည်(၁၈၄၂)ဦး တို့အား ကျန်းမာရေးနှင့်အား ကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး ခဲ့ကြောင်းသိရသည်။
Sep 11,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီမှစ၍ အ.ထ.က(၁) ကျောင်းယုဇနခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 11,2021
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ လှူဒါန်း ထောက်ပံ့ငွေဖြင့် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးတွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက် 25 m3/h မှ တစ်နေ့လျှင်အောက်ဆီဂျင် လီတာ (၄၀) အိုး ၊ အလုံး (၁၀၀) ထုတ်လုပ်နေမှု အခြေအနေအား ယနေ့ နံနက် ၉ နာရီ အချိန်က သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။
Sep 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် ၉ နာရီက မိုင်းယန်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၇)ဦးတို့အား အိမ်တိုင်ရာအရောက်သွားရောက် ထောက်ပံ့ပေးခဲ့သည်။
Sep 11,2021
နမ္မတူ စက်တင်ဘာ-၁၁ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် သံဃာတော် ၂၅ပါးနှင့်အထက် စာသင်တိုက်/ ကျောင်းတိုက်များတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်ခန့်တွင် နမ္မတူမြို့နယ်၊ ပန်ဟိုက် (၁)ရပ်ကွက်ရှိ ရွှေမြင်သာဘုန်းတော်ကြီး ကျောင်း၌ ဆောင်ရွက်ခဲ့သည်။