မုဒုံ ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော ရေစင်ဆောက်လုပ် လှူဒါန်းခြင်းနှင့် ပန္နက်ရိုက် အခမ်းအနားကို ယမန်နေ့က မုဒုံမြို့ ဓမ္မဒူတကျောင်းမှ ဆရာတော်ကြီးက မ,တည် လှူဒါန်းခဲ့သည်။
အဆိုပါရေစင်မှာ အုတ်ခုံအမြင့် (၄)ပေနှင့် ရေစင်အမြင့်ပေ(၂၀)ရှိပြီး (၁၀၀၀)လီတာဆန့် ရေတိုင်ကီ (၆)လုံး ထားရှိပြီး အော်တိုပန့်မော်တာဖြင့် ဆေးရုံဝင်းအတွင်းသို့ ရေပေးဝေမည်ဖြစ်ကာ ခန့်မှန်းကုန်ကျငွေသိန်း(၁၀၀)ခန့်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)