တောမီးလောင်မှုမှ မီးဘေးသင့် ပျက်စီးနေအိမ်တစ်လုံးအတွက် ထောက်ပံ့ရေးပစ္စည်း‌များ ပေးအပ်

မိုးနဲ မတ် ၁၀

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု နားခံကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညပိုင်းက တောမီးလောင်ရာမှ မီးကူးစက်လောင်ကျွမ်းကာ နေအိမ်တစ်လုံး ပျက်စီးခဲ့‌ရသည်။

အဆိုပါ မီးဘေးသင့် ပျက်စီးခဲ့‌သော နေအိမ်တစ်လုံးအတွက် ထောက်ပံ့ရေး ပစ္စည်းများကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မိုးနဲမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များက မီးဘေးသင့် အိမ်ထောင်စုအား လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)