အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်းကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်ပြည်သူများက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းအားယနေ့နံနက်(၁၀)နာရီအချိန်ကရပ်ကွက်များအတွင်းအသိပညာပေးနှိုးဆော်ခြင်းကိုဆောင်ရွက်ကြောင်းသိရသည်။
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကို အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၄၈) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ အမှတ်(၄)အခြေခံ ပညာအထက် တန်းကျောင်းတို့တွင် စုရပ်များ သတ်မှတ်ပြီး မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
Sep 16,2021
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့/ကျန်မာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဈေးရောင်းသူများနှင့် ကျန်မာရေးအကောင်းသူ(၄၅၀)ဦးအား ယမန်နေ့နံနက်(၈) နာရီအချိန်က သတ်မှတ်ထားသောနေရာ(၃)ခု၌ RDT Test Kit ဖြင့် စစ်ဆေးပေးရာ(၂၇) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
Sep 16,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းပြားမြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် ရာမောင်ခန်းမ၌ ဒုတိယအကြိမ်ကာကွယ်ဆေး စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာသစ်(၄)ဦး ထပ်မံတွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့အတည်ပြု လူနာများအနက် ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၈၀)ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။
Sep 16,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ တရုတ်ဘုံကျောင်းအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးကြမည့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအတွက် ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရေးတို့အတွက် သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ရှင်းလင်းခြင်းတို့ကို ယမန်နေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။