အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သံသယလူနာ(၂၁)ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၂)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁)ဦး ထပ်မံစစ်ဆေး တွေ့ရှိကြောင်း ယမန်နေ့၊ ညနေ(၄:၀၀)နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှ သိရသည်။
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လှူဒါန်းငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၆၅) နှစ်နှင့် အထက်ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီက အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 16,2021
စစ်ကိုင်းမြို့နယ်တွင် ပြည်ပဝင်ငွေ ရရှိနိုင်မည့် နှံစားပြောင်း ၂၅၃၁ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသော ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 16,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။