အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉နာရီမှ စတင်ပြီး၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးစီမံမှုဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို သံဃာတော်များ၊ သီလရှင်များ၊ အခြားသောဘာသာရေး ခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌ ကာကွယ်ဆေး (Sinopharm) များ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ အစီအမံဖြင့် မြို့ပေါ်ရပ်ကွက် များရှိ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းသို့ ကွင်းဆင်း၍ ဆရာတော်/သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များကို ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဆရာမများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က RDT Test Kit ဖြင့် ဓာတ်ခွဲစစ်ဆေးပေးကြောင်း သိရှိရသည်။
Sep 16,2021
လင်းခေးမြို့မစည်ပင်သာယာဈေးအတွင်းဈေးရောင်းချကြမည့်ဈေးသည်ပိုင်ရှင်များ၊ ဈေးသည်အကူ၊ အစောင့်များနှင့် လတ်တလောQuarantinဝင်နေလျက်ရှိကြသော ပြည်သူ(၁၈၈)ဦးတို့ကို မြို့နယ် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ယမန်နေ့နံနက်၈နာရီခွဲမှ မွန်းတည့်၁၂နာရီခွဲအထိ RDTစစ်ဆေး ပေးခဲ့ကြသည်။
Sep 16,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာ ပေး နှိုးဆော်မှုများအား ပြည်သူများသိရှိနိုင်စေရန်အတွက် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး ယနေ့ ညနေ ၄ နာရီ အချိန်၌ မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့ ကြက်ခြေနီ တပ်ဖွဲ့မှ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 16,2021
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင်စာအုပ် စာပေချစ်သူ များကိုစာအုပ်စာပေမှပေးသည့် အတွေးရသများ On Line မှတဆင့် ခံစားနားထောင် နိုင်စေရန် ယနေ့ မွန်းလွဲ ၂ နာရီချိန်က စာရေးဆရာ အကြီးကိုကို (ကသာ)နှင့် စာရေးဆရာ ရွှေမြာလှဝင်းဆွေတို့က ပါ၀င်ဆွေးနွေးခဲ့ကြသည်။
Sep 16,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အောက်ဆီဂျင်ပြတ်လတ်မှု မရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောင်ဆီဂျင်စက်ရုံကို ပြည်သူ့ ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိရာ ယခုအခါ(၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီကြောင်း မြို့နယ်အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပထမကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးသည့် ဈေးရောင်းချသူများနှင့် အချုပ်သားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၈ နာရီတွင် ဝေါမြို့၊ ပြည်သူခန်းမတွင် ထိုးနှံပေးပြီး၊ မွန်းလွဲ ၂ နာရီတွင် အသက်(၅၅)နှစ်အထက်ရှိသူများအား မြို့နယ်ခန်းမဆောင်၌ Phase(2) Sinopham (5)Dose အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။