အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ရပ်ကွက်နေပြည်သူများ၊ ဈေးရောင်း/ ဈေးဝယ် ပြည်သူများ သွားလာ ရေး အဆင်ပြေစေရေးတို့အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပါမိုင်ရပ်ကွက် အတွင်းရှိ ဧဒင်လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေ များကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ သည်။
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ နောင်ဟွိုင်ကျေးရွာမှ ဒေသခံတိုင်းရင်းသာပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စိမ့်စမ်းရေ နှစ်မိုင်သွယ်တန်းခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးသက်လင်းထွန်းထံမှ သိရသည်။
Sep 16,2021
ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစေရေးနှင့် စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက် အအုံသစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ယမန်နေ့ ညနေ ၄ နာရီခန့်က တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် အသက် ၅၅ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမနေ့စတင် ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်းလှမြို့ ရုံးရပ်တောင်ရပ်ကွက် ဦးကင်းဘုရားဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိရာ လူဦးရေ ၂၈၅ ဦး ထိုးနှံခဲ့ကြောင်း သိရသည်။
Sep 16,2021
ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာလ ၁၅ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၂ ဦးထပ်မံတွေ့ရှိပြီး ၁ ဦးသေဆုံးကာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၄ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
Sep 16,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀ ဦး တွေ့ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၉)ဦးအား ဆေးရုံဆင်း ခွင့်ပြုခဲ့ရာ ယခုအခါ ဆေးရုံဆင်းသူပေါင်း ၂၀၇ ဦးအထိ ရှိလာကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် စက်တင်ဘာလ(၄)ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကသာမြို့ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာလ(၁၄)ရက်နေ့တွင် စုစုပေါင်းလူဦးရေ(၄၂၉၅)ဦးအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကသာ ပြည်သူ့ဆေးရုံမှ ခရိုင်ဆရာဝန်ကြီးထံမှ သိရသည်။