လမ်းမတော်မြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေး

လမ်းမတော် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၆)၊(၉) ရပ်ကွက်များရှိ အသက်(၆) လမှ (၅)နှစ် အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ် အမှတ်(၆)၊(၉)ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၅) အောက် ကလေး ငယ်များအား ဗီတာမင်အေနှင့် သံချဆေးကို ကျန်းမာရေး၀န်ထမ်းများက တိုက်ကျွေးခဲ့ကြပြီး ကလေးများအား ကိုယ်အလေးချိန် တိုင်းပေးခြင်း၊ မိုးရာသီကာလအတွင်း ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါ၊ ၀မ်းပျက်၀မ်းလျှော ရောဂါ များ မဖြစ်ပွားစေရေးအတွက် ဂရုစိုက်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ဆန်းမြင့်