လှိုင်မြို့နယ်တွင် ခြင်ထောင်ဆေးစိမ်ခြင်းလုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ နံနက် ၈ နာရီကစ၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများသည် လှိုင်မြို့နယ်အမှတ်(၂)ရပ်ကွက်၊ ဦးစလမ်းတွင် မိုးရာသီသွေးလွန် တုပ်ကွေး ရောဂါမှ ကာကွယ်ရန်အတွက် ခြင်ထောင်(၁၅)လုံးအား ဆေးစိမ်ခြင်း၊ အုတ်ရေကန်(၁၀)ကန်၊ ရေတိုင်ကီ(၄၀)လုံး၊ အိမ်​ခြေ စုစုပေါင်း (၆၀)အိမ် တို့အား အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများနှင့် ခြင်များ၊ ပိုးလောက်လမ်းများ မပေါက်ဖွားစေ ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း လုပ်ငန်းများအား ရပ်ကွက်အလိုက် အပတ်စဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကြည်ဇေသော်(ပြန်/ဆက်)