ဝန်းသိုမြို့နယ်တွင် ပြည်သူ ၃၄၅၅ ဦးကို ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး

ဝန်းသို စက်တင်ဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ယမန်နေ့က ဒုတိယ အကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ  ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ စုစုပေါင်း ၁၈၀ ဦးကို  ထိုးနှံပြီးစီးခဲ့ ကြောင်း သိရသည်။

 

ဝန်းသိုမြို့နယ်အတွက် ပထမအကြိမ်ဆေးခွဲတမ်း Sinopharm ဆေး ၁၁၈၀ လုံးရရှိခဲ့ရာ ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဆေးအလုံးရေ ၆၉၁ လုံးကို ပြည်သူ ၃၄၅၅ ဦးအား ထိုးနှံပြီးစီးပြီဖြစ်ပြီ ကျန်ရှိသည့် ဆေးအလုံရေ ၄၈၉ လုံးကို ပြည်သူ ၂၄၄၅ ဦးအား သက်ဆိုင်ရာစုရပ်အလိုက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဆက်လက်၍ ဝန်းသိုမြို့နယ်အတွက် ဒုတိယအကြိမ်ဆေးခွဲတမ်းရရှိထားသည့် ဆေးအလုံးရေ ၁၀၀၀ ကို ကာကွယ်ဆေးထိုးရန်ကျန်ရှိသူ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဆေးအလုံးရေ ၇၄လုံးကို၊ ပြည်သူ ၃၇၀ ဦးအား ထိုးနှံပြီးစီးပြီဖြစ်ပြီး ကျန်ရှိသည့် ဆေးအလုံးရေ ၉၂၆ လုံးကို စက်တင်ဘာ ၂၁ ရက်နေ့ထိနေ့စဉ် ဦးအောင်မြတ်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ကျော်မြိုင်