ကရင်​​ပြည်နယ်ဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်များကို ကျေးလက်နေပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်

ကော့ကရိတ် စက်တင်ဘာ ၂၂

ကရင်​ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ကော့ဘိန်းကျေးရွာအုပ်စုမှ ကျေးလက်နေပြည်သူများအား One Stop Shop ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းပြုလုပ်နေမှုများကို ကြည့်ရှုအားပေး ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ် (၂၂၇) ကတ်ကို ကော့ဘိန်းနှင့် ကော့ပေါက်ကျေးရွာအုပ်စုတို့ရှိ ကျေးလက်နေပြည်သူတစ်ဦးချင်း၏ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင်