ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ(၇၂)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်ပေး

လားရှိုး   ဩဂုတ်   ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့်ပြည်ပမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေး လျက်ရှိရာ ယနေ့ အမျိုးသား (၄၈)ဦး ၊ အမျိုးသမီး (၂၄)ဦး စုစုပေါင်း (၇၂ )ဦးတို့ကို ထပ်မံ ပို့ဆောင်ပေးနိုင်ခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၇၂)ဦး တို့တွင်  စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၅)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၃၁)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၉)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး ၊ ရခိုင်ပြည်နယ်မှ(၁၀) ဦး ၊ နေပြည်တော်မှ (၃)ဦး ၊ ဧရာဝတီတိုင်း ဒေသကြီးမှ(၃)ဦး တို့ဖြစ်ကြသည် ။ ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိရာတွင် မေလ(၆) ရက်နေ့မှ ဩဂုတ်လ(၁၆)ရက်နေ့အထိ  နေရပ်ပြန် ပြည်သူအမျိုးသား (၉၂၁၅) ဦး ၊ အမျိုးသမီး (၅၆၉၁) ဦး စုစုပေါင်း (၁၄၉၀၆)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ပါကြောင်း သိရသည်။

  နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)