ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်းခွဲသို့ Wheel Chair ကုတင် တစ်ခုအား လာရောက်လှူဒါန်း ယမန်နေ့နံနက် (၁၀) နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်နေ ကိုဇေယျာဌေး+မအေးမိစံဝင်း မိသားစုမှ Wheel Chair ကုတင်တစ်ခုအား လာရောက်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။ အဆိုပါလှူဒါန်းမှုသည် မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် လိုအပ်သည့် လုပ်ငန်းစဉ်များအသုံးပြုနိုင်စေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)