တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများသည်  မြို့နယ်တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တံတားဦး ဩဂုတ်  ၁၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင် ၊ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် တာဝန်ရှိ သူများ သည် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည် ။

ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် ဆုလာဘ်ပြည့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တံတားဦးမြို့နယ် သမန်းကျေးရွာအုပ်စု  ၊ အောက်တော ကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို ခွင့်ပြုငွေကျပ်(၃၃.၃)သန်းဖြင့် ဆောက်လုပ်သည့် အလျား ၆၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦကိုလည်းကောင်း ၊ ကန်ကြီးကျေးရွာ အုပ်စု ၊ ရေထွက်လေးကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ခွင့်ပြုငွေ ကျပ်( ၄၉.၉၅)သန်းဖြင့် ဆောက်လုပ်သော အလျား ၉၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦ ကိုလည်းကောင်း ၊ မီးသွေးတိုက်ကျေးရွာအုပ်စု ဆင်ကျုံးကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် ခွင့်ပြုငွေကျပ်( ၄၉.၉၅)သန်းဖြင့် ဆောက်လုပ်သော အလျား ၉၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦကို လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးဝဏ္ဏအောင်မှ အဆောက်အဦများကို စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေး ၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ် မဖြစ်စေရေး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို စနစ်တကျ လိုက်နာဆောင် ရွက်ရေး ၊ အဆောက်အဦသစ်များအား သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီ ရေးတို့ကို  လုပ်ငန်းခွင်၌ တာဝန်ရှိသူများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)