ဒဂုံမြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများအား United Amara Bankမှ တစ်ဦးလျှင် ဆန်(၃)ပြည် ထောက်ပံ့လှူဒါန်း

ဒဂုံ        ဩဂုတ်        ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊  ယောမင်းကြီးရပ်ကွက် နဝဒေးလမ်းရှိ United   Amara   Bank မှ  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဝန်ထမ်းများ   မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ရည်ရွယ်၍  မြို့နယ် အတွင်းရှိ  ဌာနဆိုင်ရာ ဝန်ထမ်းများအား    ဆန်(၃)ပြည်စီ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါဘဏ်မှ တာဝန်ရှိသူများက လှူဒါန်းပေးကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်းပေးရာတွင် မြို့နယ်အတွင်းရှိ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှဝန်ထမ်း(၃၀) ဦး၊ စည်ပင်သာယာရေး ဝန်ထမ်း(၂၀၀) ဦး၊ ရဲတပ်ဖွဲ့ ရုံးဝန်ထမ်း(၅၄) ဦး၊  မီးသတ်တပ်ဖွဲ့မှ  ဝန်ထမ်း(၆၆) ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း(၂၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့မှ ဝန်ထမ်း(၂၃)ဦးနှင့် ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့မှ(၇)ဦး စုစုပေါင်းအင်အား(၄၀၀)ဦးတို့အတွက်  တစ်ဦးလျှင်(၃) ပြည် နှုန်းဖြင့် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)