ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

တောင်ကြီး   အောက်တိုဘာ   ၂၇

ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမှာ ၈ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတောကာလအတွင်း  နေ့လွှတ်ရိုးရာမီးပုံးပျံ ၃၅၈ လုံး၊ ညလွှတ် စိန်နားပန်မီးပုံးပျံ ၃၇ လုံးနဲ့ ညမီးကြီးမီးပုံးပျံ ၄၃ လုံး စုစုပေါင်း မီးပုံးပျံ ၄၃၈ လုံးကို သတ်မှတ်ရက် အလိုက် ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ်ရာ တောင်ကြီးတန်ဆောင် တိုင်ပွဲတော် ဖွင့်ပွဲကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင်နေ့လွှတ်မီးပုံးပျံ အရေအတွက်များသည့်အတွက် နေ့လွှတ်မီးပုံးပျံများကို အောက်တိုဘာလ ၂၇ ရက်နေ့ကနေစပြီး ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကြီးတွင် ယခင်နှစ်တွေထက်ပိုထူးခြားမှုကတော့ ခေါင်တိုင် အမြင့် ၂၅ ပေရှိသည့် ပြိုင်ပွဲဝင် ညမီးကြီးမီးပုံးပျံများ ပါဝင်ယှဉ်ပြိုင်လွှတ်တင် သွားမည့်ဖြစ် သည့်အတွက် အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူများအနေနဲ့တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကြီးကို လာရောက်လည်ပတ်နိုင်ပြီး ကိုယ်တိုင်လာရောက်မလည်ပတ်နိုင်တဲ့ မိဘပြည်သူများအတွက်လည်း တန်ဆောင်တိုင် ပွဲတော်ကြီးကျင်းပသည့်နေ့မှစတင်၍  ၈ ရက်တာကာလအတွင်း တိုက်ရိုက် Live Stream ထုတ်လွှင့်ပေးသွားရန်စီစဥ်ထားကြောင်း ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ