နောင်ချို အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်များ (MVEM)installationပြုလုပ်ခြင်း အသိပညာပေးမျှဝေခြင်းသင်တန်းကို နောင်ချို မြို့နယ်ခန်းမ၌ အောက်တိုဘာ၂၆ရက်နံနက်(၉း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်း၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဝင်းအောင် ဦးဆောင်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက် တပ်ဆင်ခြင်းနှင့်စမ်းသပ်ခြင်း၊ သတိပြုရမည့်အချက်များ၊ အီလက်ထရောနစ်မဲပေးစက်လက်တွေ့ installation ပြုလုပ်ခြင်းများကို ပို့ချဆွေးနွေးခဲ့ပြီး သင်တန်းသို့ မြို့နယ်နည်းပညာအထောက်အကူပြုအဖွဲ့၊ ကျောက်မဲခရိုင်ကိုယ်စားပြု ကော်မရှင် အဖွဲ့ခွဲဝန်ထမ်းများ၊ ဌာနဆိုင်ရာများ စုစုပေါင်းသင်တန်းသား/သင်တန်းသူ (၃၀)ဦးတက်ရောက် ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။
ဒေါ်သန်းသန်းထွေး(ဦးစီးအရာရှိ)
မြို့နယ်၊ပြန်/ဆက်
