အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

အုတ်တွင်း နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင်အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်း(ထန်းကုန်း) ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဆုမြတ်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းအားဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက စေ့စပ်ညှိနှိုင်းသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး Grade-11မှကျောင်းသား/ကျောင်းသူများဖြစ်ကြသော မောင်ဘုန်းခန့်ကျော်က “လူငယ်နှင့်ပညာရေး” မ ခိုင်စံပယ်လှိုင်က “လူငယ်နှင့်စာရိတ္တ”၊ မငြိမ်းယုစံက “လူငယ်နှင့်မူးယစ်ဆေး၊ မောင်တက်နေလင်းက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-10 မှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသော မောင်စျာန်ထူးလွင်က “လူငယ်နှင့်ကျန်းမာရေး”၊ မချယ်ရီလှိုင်းက “လူငယ်နှင့်နည်း ပညာ”၊ မကြယ်စင်သိန်းက “လူငယ်နှင့် စာဖတ်ခြင်း”စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက်လူငယ် စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် အချက်များကိုမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေး နွေးသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့်ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်းနှင့် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသူများမှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်း ပြသထားသည့်အမျိုးသားနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)