ပေါင်းတည်၌ ဆောင်းရာသီ ဆီထွက်သီးနှံ ဧက တစ်သောင်းလေးထောင်ကျော် စိုက်ပျိုးပြီးစီး

ပေါင်းတည် နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဆောင်းရာသီ ဆီထွက်သီးနှံ စုစုပေါင်းဧက တစ်သောင်း လေးထောင်ကျော်စိုက်ပျိုးပြီးစီးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရှိရသည်။

ပြည်ပမှ ဆီတင်သွင်းမှုလျှော့ချနိုင်ရေးနှင့်ပြည်တွင်းဆီစားသုံးမှုဖူလုံစေရေးအတွက် ယခုနှစ်၌ ဆောင်းသီးနှံ (ဆီထွက်သီးနှံ) နှမ်း ၁၀၃၉၈ ဧက၊မြေပဲ ၇၂၀၂ ဧက၊ နေကြာ ၁၅၉၈ ဧက စုစုပေါင်း ၁၉၁၉၈ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားစိုက်ပျိုးလျက်ရှိကြောင်း၊ ယနေ့အထိ နှမ်း ၇၇၁၀ ဧက၊မြေပဲ၅၇၉၇ ဧကနှင့်နေကြာ ၈၈၇ ဧက၊စုစုပေါင်း ၁၄၃၉၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရွှေသား(IPRD)