မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

မိုင်းရှူး     နိုဝင်ဘာ     ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီခွဲအချိန်က  မိုင်းရှူးမြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီးနောက် အရန်မီးသတ်တပ်ဖွဲ့ဝင် များအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။ ယင်းသင်တန်းဆင်းပွဲအခမ်းအနားတွင် ဌာနဆိုင်အကြီးအကဲများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၈၀)ဦး တက်ရောက်ကြပြီး  သင်တန်းသားများအား မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာ ကွယ်ရေးအတွက် အောက်တိုဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့ထိ  စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)