အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး ဘူး၊ ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ ဆလပ်၊ မုံညင်း စသည့် မီးဖိုချောင်သုံး အသီးအနှံများ စိုက်ပျိုးကြရာ ကြက်ဟင်ခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Nov 03,2025
သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၄) ကျောင်းသို့ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားကိုယ်စားလှယ် (၁၁) ဦးတို့မှ (၁၇) ကြိမ်မြောက် အလှူတော်အဖြစ် ဆွမ်းဆန်တော်စိမ်းများနှင့် ဆီများကို နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အကြိမ်(၄၀)မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က စုရပ်ဖြစ်သော မြို့လယ်ပန်းခြံရှိ လွတ်လပ်‌ရေးကျောက်တိုင်ကွင်းမှ တစ်ဆင့်အလှည့်ကျ‌ကျောင်းဖြစ်သော အမှတ်(၂)ရပ်ကွက် နောင်မိုပရိယတ္တိကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။
Nov 03,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ စုပေါင်းမဟာ ဘုံကထိန်နှင့် ကထိန်လျာဉာတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ(၁)ရက်နေ့ (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 03,2025
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်ဖြစ်သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်နေ့လွှတ်အရုပ်များ လွှတ်တင်ယှဉ်ပြိုင်ခြင်း(ဆဌမနေ့) အဖြစ် နိုဝင်ဘာ၂ ရက်နေ့က အဝေရာ ကုန်းသာယာကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
Nov 03,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်က တပ်မတော် လေယာဉ်ဖြင့် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦး၊ ညောင်ဦးခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးသော်ထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်းစိုး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ကျောင်းသား/သူများမှ ပုဂံခေတ်ဝတ်စုံဖြင့် ကြိုဆိုခဲ့ကြပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မော်တော်ယာဉ်ဖြင့် လေဆိပ်မှထွက်ခွာလာရာ Aureum Palace Hotel သို့ရောက်ရှိခဲ့ကြသည်။
Nov 03,2025
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ဘားအံမြို့ အမှတ်(၄)ရပ်ကွက် သီရီလမ်းရှိ သီရိကွင်းမုခ်ဦးအရှေ့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သေနတ်ပစ်ဖောက်၍ စက်ဘီးစီး ပြိုင်ပွဲအား တာလွှတ်ပေးခဲ့ကြောင်း သိရသည်။
Nov 03,2025
ပြည်မြို့၌ သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကိုအောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၁၀ ရက်တိုင်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက စေတီတော်ရင်ပြင်၌ ဗုဒ္ဓမြတ်စွယ်တော်ကို ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည် အပူဇော်ခံပွဲကျင်းပရာ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။