တမူးမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းမဟာ ဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

တမူး နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ စုပေါင်းမဟာ ဘုံကထိန်နှင့် ကထိန်လျာဉာတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ(၁)ရက်နေ့ (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသူများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မစိန်မဟာစည်ရိပ်သာ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှုးကြီး ဟန်ဝင်းအောင်နှင့် ခရိုင်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကို၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ခရိုင်/မြို့နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်း၊ ဆွမ်းဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မစိန်မဟာစည်ရိပ်သာကျောင်းတိုက်ဆရာတော်မှ  ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှအတန်းပေးဝေပြီး ဆရာတော် သံဃာတော်များနှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ ပြည်သူများ၊ တက်ရောက်ခဲ့ပြီး ပင့်သံဃာဆရာတော်အရှင်သူမြတ် (၃၇)ပါး၊ ပဒေသာ‌ပင်ခွဲဝေ ချထားသည့် ကျောင်းပေါင်း (‌၃၇)ကျောင်း၊အတွက် ငွေသားနှင့် ပစ္စည်းတန်ဖိုးဆွမ်းအပါအဝင် လှူဒါန်းမှုစုစုပေါင်း သိန်း (၄၀၄၆၀၁၀၀) ကျပ်ရှိကြောင်း သိရသည်။

ရတနာ