သာကေတ နိုဝင်ဘာ ၃
သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၄) ကျောင်းသို့ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားကိုယ်စားလှယ် (၁၁) ဦးတို့မှ (၁၇) ကြိမ်မြောက် အလှူတော်အဖြစ် ဆွမ်းဆန်တော်စိမ်းများနှင့် ဆီများကို နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးမောင်မြင့်၊ ဒေါ်မော်ဇင်ယု၊ ဒေါ်အေးအေးနွဲ့၊ ဒေါ်မြမြသင်း၊ ဒေါ်တင်မျိုးခိုင်၊ ဒေါ်အိသန္တာကျော်၊ ဦးအောင်အောင်၊ ဦးအုန်းကျော်၊ ဒေါ်နန်းသီတာထွန်း၊ ဦးချိုဝင်းတို့သည် ၇/ အနောက် ရပ်ကွက်ရှိ အောင်မင်္ဂလာ ပုပ္ပါးကျောင်း၊ ရွှေတောင်ကျောင်း၊ ပညာမဥ္ဇူ ကျောင်း၊ တေဇိန္ဒာရာမကျောင်း၊ စိန်သီတာကျောင်း၊ ကော့ကရွတ်ကျောင်း၊ ဓမ္မိဝိသုဒ္ဓိကျောင်း၊ သာစည်ကျောင်း၊ တာဝတိံသာကျောင်း၊ ဒါနောကာသကျောင်း၊ ရန်ကုန်ကျောင်း၊ မစိုးရိမ်ကျောင်း၊ သာသနာ့ဝေပုလ္လကျောင်းနှင့် မဟာစေတီကျောင်းတိုက်များသို့ သွားရောက်ကာ တစ်ကျောင်းလျင် ၂၄ ပြည်ဝင် ပေါ်ဆန်းမွေး ဆွမ်းဆန်တော်စိမ်းတစ်အိတ်စီနှင့် တစ်ပုံးလျှင် ၁၀ ပိသာဝင် ဆီတစ်ပုံးစီ၊ စုစုပေါင်း ဆန် ၁၄ အိတ်နှင့် ဆီ ၁၄ ပုံးတို့ကို ၁၇ ကြိမ်မြောက်အလှူတော်အဖြစ် ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြပြီးလှူဒါန်းမှုအစုစုတို့အတွက်လည်း အနုမောဒနာတရား နာယူကာ ရေစက်သွန်းချခဲ့ကြကြောင်း သိရသည်။
အိရွှေစင်လတ်(သာကေတ)