ကျောင်းကုန်း နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဗျိုက်အုပ်စု၊ အနောက်စု ကျေးရွာ၌ တစ်အိမ်ထောင်လျှင် သစ်မာတစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ဗျိုက်အုပ်စု၊ အနောက်စုကျေးရွာရှိ အိမ်ထောင်စု(၁၁၀)စုအတွက် သစ်မာပင်မျိုးဖြစ်သည့် ပျဉ်းကတိုး(၁၁၀)ပင်အား ကျောင်းကုန်းမြို့နယ် သစ်တောတာဝန်ခံ တောအုပ် ဦးလေးအောင်မှ ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်းနှင့် အိမ်ရှင်တို့က လက်ခံရယူ စိုက်ပျိုးခဲ့ကြသည်။
အလားတူ ခရိုင်ကျေးရွာချင်းဆက်လမ်းဖြစ်သည့် ကျောင်းကုန်းသုံးခွ-ကျုံပျော် လမ်းမိုင်တိုင်အမှတ် ၃/၀ နှင့် ၃/၁ ကြား၊ လမ်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာန ပူးပေါင်း၍ မန်ဂျန်ရှား အပင်(၁၀၀)စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)