ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာ ကျွေးမွေးဧည့်ခံ

ပဲခူး နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာကျွေးမွေးခြင်း (ပထမနေ့) အား နိုဝင်ဘာလ()ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်အောက်ထပ်ရှိ စိတ္တသုခခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်အောက်ထပ်၊ စိတ္တသုခခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ပဲခူးမြို့သို့ လာရောက် လည်ပတ် ကြသူများအား စတုဒီသာ ကျွေးမွေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာလာရောက် သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖတို့ ပူးပေါင်းမှုဖြင့် နိုဝင်ဘာလ()ရက်နှင့် ()ရက်နေ့တို့တွင် စတုဒီသာကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကာ စတုဒီသာလာရောက်သုံးဆောင်ကြသူများအား ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)