သာကေတ နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဇိနမာရ်အောင်စေတီတော်ဦးဆောင်နာယက ဦးဋ္ဌေးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက်နိုဝင်ဘာ၈ရက်နံနက်၉နာရီက သာကေတမြို့နယ်ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော် စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ပထမအဆင့် ငြမ်းဆင်ခြင်းသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းရာ ဇိနမာရ်အောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ လူမှုထူးချွန်ပထမအဆင့် ဦးကြည်ဝင်း (လ.ဝ.ကဒုညွှန်ငြိမ်း)၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဦးကွန်းဇော်ထက် (အောင် - မြန်မာမှုရွှေချနှင့် ရွှေမိုက်ထုတ်လုပ်ငန်း) က လုပ်ငန်းဆောင်ရွက်နေမှုအဆင့်ဆင့်နှင့် ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
သာကေတမြို့နယ်ဇိနမာရ်အောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ စေတီတော်မြတ်ကြီးအား စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူရန်ငြမ်းဆင်ခြင်းကို အောက်တိုဘာ၂၆ရက်က စတင်ငြမ်းဆင်ခဲ့ပြီး ယခုအခါ ၆၀ရာခိုင်နုန်းပြီးစီးနေပြီဖြစ်သည်။ ငြမ်းဆင်ခြင်းပြီးမြောက်ပါက ဒုတိယအဆင့်အနေဖြင့် ရွှေမိုက်ထုတ်လုပ်ငန်းကို လုပ်ဆောင်ကာ ယင်းရွှေမိုက်ထုတ်လုပ်ငန်းပြီးစီးပါက တတိယအဆင့် ရွှေသင်္ကန်းကပ်လှူပူဇော်မည်းဖြစ်သည်။
ရွှေသင်္ကန်းကပ်လှူရာတွင် မျက်ပါးရွှေအဆိုင်းပေါင်း ၁၅၀၀ ကပ်လှူပူဇော်သွားမည်ဖြစ်ပြီး ရွှေသင်္ကန်းများ လှူဒါန်းလိုပါက ၂ လက်မပတ်လည် (၁၀ချပ်ပါ) တစ်ဆိုင်းလျှင် ငွေကျပ်လေးသောင်းနှုန်းဖြင့် ဇိနမာရ်အောင်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးသို့လည်းကောင်း၊ အလှူခံဌာနသို့လည်း လာရောက်လှူဒါန်းနိုင်ပြီး ဦးအောင်သိန်း ဘဏ္ဍာရေးမှူးဖုန်း ၀၉၄၄၃၀၁၁၈၈၇နှင့် ဦးအောင်အောင် တွဲဖက်ဘဏ္ဍာရေးမှူး ဖုန်း၀၉၅၁၉၄၆၃၅သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သဲထက်ဇင်( ပြန်/ဆက်)