ကွမ်းခြံကုန်းမြို့နယ်၊ တိုက်ကြီးကျေးရွာ၊ အ-မ-က မူ/လွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကွမ်းခြံကုန်း   နိုဝင်ဘာလ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲကို ယမန်နေ့က တိုက်ကြီးကျေးရွာ၊ အ-မ-က မူ/လွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ‌ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်နှင့်စာပေအကြောင်းအရာအား၎င်း၊    မြို့နယ်စားသုံး သူရေးရာဦးစီးဌာန၊   မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေးက   စားသုံးသူဆိုင်ရာအခွင့်အရေးအကြောင်း အရာများအား၎င်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊  လက်ထောက်တိုင်းရင်းဆေးမှူး  ဒေါ်အေးမြတ်စိုးက  တိုင်းရင်းဆေးအကြောင်းအရာများဟောပြောပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍      ပုံပြင်ပြောပြိုင်ပွဲ၊      ကဗျာရွတ်ဆိုပြိုင်ပွဲ၊    ဂိမ်းကစားပြိုင်ပွဲကျင်းပရာ     ဆုရရှိသူ ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်  ကျောင်းသား/သူများက စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ  ဖတ်ရှုကြပြီး  ပြသထားသော နံရံကပ်စာစောင်များ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်