ချောင်းဆုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

ချောင်းဆုံ နိုဝင်ဘာ ၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)သင်တန်းကို အောက်တိုဘာ (၁၃) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်(၉)နာရီက သင်တန်းဆင်းပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းကို မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ နည်းပြများအဖြင့်ဆောင်ရွက်ကာ လေ့ကျင့်ရေးသင်တန်းကာလကို ရက်သတ္တ ပတ် (၄) ပတ်ကြာသင်ကြားခဲ့ကြောင်းနှင့် သင်တန်းသားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကိုကျော်