အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2024
ကရင်ပြည်နယ်၊ သံ‌တောင်ကြီးဒေသသည်‌  တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့်အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဥယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင် သဘာဝအတိုင်း ပေါက်‌ရောက်သည့် ဒရင်ကောက်ပင်များကို လိုက်လံချိုးယူရောင်းချသူများ ပိုများလာကြောင်း သိရသည်။
Dec 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ  ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ  ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ဒေသဖြစ်သည့်အားလျော်စွာ ကျောင်းသူ/ကျောင်းသားများအနေဖြင့်  မိမိတို့၏ ဘာသာစကားများ တတ်မြောက်စေရန် ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုများကို သိရှိပြီး အလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စကောကရင်ဘာသာရွတ်ပြိုင်ပွဲ ဒီဇင်ဘာ ၈ ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျှော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာ ဆောင်ရွက်မှု ရှိစေရေးအသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် “မြို့မ” ဈေးအတွင်းဆောင်ရွက်ခဲ့သည်။
Dec 10,2024
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ပြည်သူတို့၏အသက် အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန်  ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာ ၉ ရက်နေ့ညပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် အမှတ် (၅)ရပ်ကွက်အတွင်း၌  လှည့်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 10,2024
MsME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် "ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး" သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 10,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဆယ်ကျော်သက်များမျိုးဆက်ပွားကျန်းမာရေးနှင့် ဆက်ကျော်သက်ကိုယ်ဝန်ဆောင်​ခြင်း၏ အကျိုးဆက်များကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။